京都の日本語学校なら、日本語教育振興協会認定校、学術の街の伝統校、京都国際アカデミー
京都国際アカデミー日本語学校
 
   

Kyoto International Academy ကို 1987 ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပါသည်။ ယခုအချိန်အထိ နိုင်ငံပေါင်း 30မှ ကျောင်းသားပေါင်း 2000 ကျော်ကို ဂျပန်စာသင်ကြားပို့ ချခဲ့ ပြီးလည်းဖြစ်ပါသည်။ Kyoto International Academy တွင်ဂျပန်စာသင်ကြားပို့ ချပေးနေသောဆရာ၊ ဆရာမ များမှာ ဂျပန်စာသင်ကြားရေးအဖွဲ့ မှအသိ အမှတ်ပြုလက်မှတ်ရရှိထားသူများဖြစ်ပါသည်။ဂျပန်စာနှင့်ပတ်သက်၍သင်ကြားမှု့ ပိုင်းဆိုင်ရာအတွေ့ အကြုံရင့်ကျက်မှု့ သော ဆရာ၊ ဆရာမ များမှ ထိရောက်စွာသင်ကြားပေးမည်ဖြစ်သည်။


课程概要 ဂျပန်နိုင်ငံရှိ တက္ကသိုလ်၊ ကောလိပ်များတွင်ဆက်လက်ပညာဆည်းပူးလိုသောကျောင်းသားများအတွက် ဂျပန်နိုင်ငံတွင် 1 နှစ်မှ 2နှစ် နေထိုင်၍ဂျပန်စာသင်ကြားပြီး ဂျပန်စာအရည်အချင်းတိုးတက်အောင်ကြိုးစားမည်။ Kyoto International Academy မှအောင်မြင်ပြီး ကျောင်းအသစ်လျှောက်ခြင်းနှင့်ပတ်သက်၍ ဟောပြောပွဲများကျင်းပခြင်း တစ်ဦးချင်းအလိုက် မိမိတက်လိုသောကျောင်းများကိုရှာဖွေပေးခြင်းစသည် တို့ ကိုဆောင်ရွက်ပေးပါမည်။ပညာသင်ဗီဇာလျှောက်ထား ခြင်းမှအစ သင်တန်းပြီးဆုံးသည်အထိ ကျောင်းသူ/ ကျောင်းသားများ၏လိုအပ်သောအခက်အခဲများကို ကျောင်းဝန်ထမ်းများမှကူညီဖြေ ရှင်းပေးမည်ဖြစ်ပါသည်။
  
 

 

2013ခုနှစ်4လပိုင်းဝင်ခွင့်

2013ခုနှစ်7လပိုင်းဝင်ခွင့်

2013ခုနှစ်10လပိုင်းဝင်ခွင့်

2014ခုနှစ်1လပိုင်းဝင်ခွင့်

ကျောင်းဖွင့်မည်ရက်စွဲ

2013/4/10

2013/7/1

2013/10/7

2014/1/10

သင်တန်းကာလ

2နှစ်

လျှောက်လွှာလက်ခံ မည့် အချိန်

2012/10/1~12/28

2013/1/1~2/28

2013/4/1~5/30

2013/7/1~8/31

လက်ခံမည့် လူဦးရေ

100ယောက်

80ယောက်

60ယောက်

50ယောက်

သင်ကြားမည့် အကြောင်းအရာ ဂျပန်စာ အခြေခံⅠ・Ⅱ、အလယ်တန်း Ⅰ・Ⅱ、အဆင့်မြင့်တန်း Ⅰ・Ⅱ、သုသေသနⅠ・Ⅱ
    ကျောင်းဝင်ချိန်တွင်ပြုလုပ်သည့် အရည်အချင်းစစ်စာမေးပွဲ၏ရလဒ်ပေါ်မူတည်၍အတန်းခွဲပါမည်။
    ဂျပန်စာတက္ကသိုလ်ဝင်ခွင့်စာမေးပွဲ(EJU)ဖြေဆိုရာတွင်လိုအပ်သောသချာင်္၊အထွေထွေဘာသာရပ်၊ အင်္ဂလိပ်စာ စသည့်သင်တန်းများအပြင်တက္ကသိုလ်၊ကောလိပ်များသို့ဆက်လက်တက်ရောက်ပညာဆည်းပူးလိုသူများ အတွက်လည်း ကျောင်း ရွေးချယ်မှု့ ၊ကျောင်းလျှောက်ထားမှု့ များကို ဆောင်ရွက်ပေးလျှက်ရှိပါသည် ။
ကျောင်းတက်ရက် တနင်္လာနေ့ မှ သောကြာနေ့ အထ
   စနေ၊ တနင်္ဂနွေ ၊အခြားရုံးပိတ်ရက်များနှင့် ကျောင်းမှသတ်မှတ်ထားသော ပိတ်ရက်များတွင်အတန်းမရှိပ (school calendar
အတန်းချိန ① မနက်ပိုင်းအတန်း 9: 15 ~12:45        ② ညနေပိုင်းအတန်း 13:30~17:00
        တစ်ချိန်ကို 45 မိနစ်ကြာပြီး တစ်နေ့ တွင် 4 ချိန် တစ်ပတ်တွင် အချိန် 20 အတန်းရှိပါသည်။
        ကျောင်းမှသတ်မှတ်ပေးသည့် အတန်းတွင်သာတက်ရောက်ခွင့် ရှိပါသည်။
တစ်တန်းတွင်သတ်မှတ်ကျောင်းသားဦးရေ 20 ယောက် (ပျမ်းမျှ 13ယောက်)
 
 
 
  
1) လျှောက်ထားသူသည် မူလတန်းမှ တက္ကသိုလ် အထိ 12နှစ်နှင့် အထက် ပညာဆည်းပူးထားသူ သို့ မဟုတ် ၎င်းနှင့်ညီမျှသော အောင်လက်မှတ်ရှိသူဖြစ်ရမည်ဖြစ်ပြီး နောက်ဆုံးတက်ရောက်သင်ကြားခဲ့သောအတန်းပညာနှင့်ပတ်သက်၍အောက်တွင်ဖော်ပြ ထားသော အချက် (3 ) အနက်မှ အချက် 1 ချက်နှင့် ကိုက်ညီရမည် ဖြစ်သည်။ လျှောက်ထားမည့် သူတွင်ရှိရမည့် အရည်အချင်းများ  
  (1) အထက်တန်းစာမေးပွဲ အောင်မြင်ပြီး 3 နှစ်အတွင်းရှိသူ သို့ မဟုတ် 2012 ခုနှစ် 6 လပိုင်းတွင်စာမေးပွဲအောင်မည့် သူ 6/2012.
  (2) တက္ကသိုလ်ပြီးဆုံး၍ 3 နှစ်အတွင်းရှိသူဖြစ်ပြီး အသက် 27 နှစ်အောက
  (3) (1) ~ (2) မဟုတ်ပါက ကျောင်းလျှောက်ထားချိန်တွင် လက်ရှိတက္ကသိုလ်တွင် ပညာသင်ကြားနေသောသူ
2) ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ N-5 နှင့်အထက် သို့ မဟုတ် NAT-TEST အဆင့် 5 နှင့် အထက် သို့ မဟုတ် J-TEST အဆင့် F နှင့်အထက် အောင်မြင်ထားသူ
 
 
 
  
A. လျှောက်ထားသူနှင့်သက်ဆိုင်သောစာရွက်စာတမ်းများ
ကျောင်းဝင်ခွင့် လျှောက်လွှာ Kyoto International Academy မှသတ်မှတ်ထားသောလျှောက်လွှာ
ဂျပန်တွင်ပညာသင်ကြားလို သည့် ရည်ရွယ်ချက်စာစီစာကုံး  
ကိုယ်ရေးရာဇ၀င် ဂျပန်လူဝင်မှု့ ကြီးကြပ်ရေးမှသတ်မှတ်ထားသည့် အချက်အလက်များပါရှိသော Kyoto International Academy မှသတ်မှတ်ထားသည့် လျှောက်လွှာ
အောင်လက်မှတ်များ နောက်ဆုံးတက်ရောက်ခဲ့သောကျောင်းမှ အောင်လက်မှတ် နှင့် အမှတ်စာရင်း
  အထက်တန်းတက်ရောက်ဆဲဖြစ်ပါက မည်သည့် ရက်တွင်အောင်မြင်ပြီးဆုံးမည်ဖြစ်ကြောင်းထောက်ခံစာ
  တက္ကသိုလ်တက်ရောက်ဆဲဖြစ်ပါကအထက်တန်းအောင်လက်မှတ်နှင့် တက္ကသိုလ်တက်ရောက်ဆဲဖြစ် ကြောင်းထောက်ခံစာသို့ မဟုတ်မည်သည့် ရက်တွင် အောင်မြင်ပြီးဆုံးမည်ဖြစ်ကြောင်းထောက်ခံစာ
ဂျပန်စာအရည်အချင်းစစ်အောင်လက်မှတ JLPT [N5 နှင့်အထက်] သို့ မဟုတ်NAT-TEST [အဆင့် 4နှင့်အထက်] သို့ မဟုတ်J-TEST [Fနှင့်အထက်] အောင်လက်မှတ်တစ်ခုခ
မြန်မာနိုင်ငံရှိဂျပန်စာသင်တန်းကျောင်းတစ်ခုခုမှ ဂျပန်စာသင်ကြားကြောင်းထောက်ခံစာ
ကျန်းမာရေးဆေးစစ်ချက Kyoto International Academy မှသတ်မှတ်ထားသောလျှောက်လွှာသို့ မဟုတ် မြန်မာနိုင်ငံရှိဆေးရုံ၊ဆေးခန်းများမှ ထုတ်ပေးသော ကျန်းမာရေးဆေးစစ်ချက်
ဓါတ်ပုံ 3×4 cm 8 ပုံ ( 3 လအတွင်းရိုက်ထားသောပုံ) ဓါတ်ပုံကျောဘက်တွင် မိမိအမည်နှင့်နိုင်ငံ အမည်ရေးရန
ပတ်စ်ပို့ မိတ္တူ လျှောက်လွှာတင်ချိန်တွင်ပတ်စ်ပို့ မရှိသေးပါက နိုင်ငံသားမှတ်ပုံတင်ကဒ်ပြားမိတ္တူ
  
B.ကျောင်းစာရိတ်ထောက်ပံ့မည့်သူနှင့်သက်ဆိုင်သောစာရွက်စာတမ်းများ အောက်တွင်ဖော်ပြထားသော (1)နှင့် (2) နှစ်ခုထဲမှတစ်ခ
(1) ကျောင်းလခ ၊အဆောင်ကြေး ၊ ဂျပန်နိုင်ငံတွင်နေထိုင်သည့် နေထိုင်စရိတ်စသည်တို့ ကိုကျောင်းလျှောက်ထားသူ ကိုယ်တိုင်က ပေးချေ သည့် အခါ
① ကျောင်းလျှောက်သူ၏ဘဏ်အပ်နှံလက်ကျန်ငွေ အထောက်အထား
② လျှောက်ထားသူ၏အလုပ်ဝင်ငွေအထောက်အထား
③ လျှောက်ထားသူမှKyoto International Academyကျောင်းအုပ်ဆရာကြီးထံသို့ ကျန်းကျိမ်လွှာ
(2) ကျောင်းလခ ၊အဆောင်ကြေး ၊ ဂျပန်နိုင်ငံတွင်နေထိုင်သည့် နေထိုင်စရိတ်စသည်တို့ ကို အုပ်ထိန်းသူကပေးချေသည့် အခါ
① ထောက်ပံ့ပေးချေလွှာ (လူဝင်မှု့ ကြီးကြပ်ရေးမှထုတ်ပေးသောလျှောက်လွှာ)
② ထောက်ပံ့မည့်သူ၏ဘဏ်အပ်နှံလက်ကျန်ငွေ အထောက်အထား
③ လျှောက်ထားသူ၏အလုပ်ဝင်ငွေအထောက်အထား သို့ မဟုတ် အလုပ်အကိုင်ရှိကြောင်းအထောက်အထား
④ ထောက်ပံ့မည့်သူနှင့် လျှောက်ထားသူတို့ ၏တော်စပ်ပုံ အထောက်အထား သို့ မဟုတ် အိမ်ထောင်စုဇယား
⑤ ထောက်ပံ့မည့်သူမှ Kyoto International Academyကျောင်းအုပ်ဆရာကြီးထံသို့ ကျန်းကျိမ်လွှာ
  
 
  
  
ကျောင်းလခ လျှောက်လွှာကြေး 30,000 ယန်း ဗီဇာလျှောက်ထားခြင်း
ကျောင်းဝင်ကြေး 50,000ယန်း    
အတန်းကြေး 588,000 ယန်း 1 နှစ်စာ(ကြိုသွင်းရန်)
ဖတ်စာအုပ်ဖိုး 40,000 ယန်း သင်တန်းကာလအတွင်းအသုံးပြုသော စာအုပ် (ကြိုသွင်းရန်)
ကျန်းမာရေးစစ်ဆေးခြင်း၊အထွေထွေကုန်ကျစရိတ 29,000 ယန်း 1 နှစ်စာ
ကျန်းမာရေးအာမခံဝင်ရန 10,000ယန်း 1 နှစ်စာ(ကြိုတင်ပေးသွင်းခြင်း)
စုစုပေါင်း 747,000 ယန်း
  ※လျှောက်လွှာတင်ရာတွင် စာရွက်စာတမ်းအတုပြုလုပ်ခြင်းများရှိပါက ငွေပြန်မအမ်းပါ။
  ※ဗီဇာအပယ်ခံရပါက လျှောက်လွှာကြေးနှင့် ကျောင်းဝင်ကြေးကိုဖယ်၍ ကျန်ငွေကိုပြန်အမ်းပါမည်။
  ※ကျောင်းဝင်ပြီးမှ ကျောင်းထွက်ပါက ကျောင်းလခ၊ အဆောင်လခ များပြန်မအမ်းပါ။
အဆောင်လခ( ကျောင်းဝင်ပြီး ၆လစာ) 1 နှစ်စာကျောင်းလခ+6လစာအဆောင်ကြေး
တစ်ယောက်ခန်း 242,000 ယန်း 989,000ယန်း
နှစ်ယောက်ခန်း 164,000 ယန်း 911,000ယန်း
သုံးယောက်ခန်း 140,000 ယန်း 887,000 ယန်း
လေးယောက်ခန်း 122,000 ယန်း 869,000 ယန်း
  အဆောင်တွင်နေလျှင် အိပ်ယာ၊ စောင်ပေးပါသည်။
  ကျောင်းဝင်ချိန်မှ 6 လအထိကျောင်းအဆောင်တွင်နေထိုင်ရမည်ဟုသတ်မှတ်ထားသည်။
 
 
 
 
လိုအပ်သည်များကိုဖြည့်စွက်၍ မေးလ်၊ ဖက်စ် ၊စာတိုက်မှတဆင့် ပို့ ပါရန်။
<PDF>  <Excel>
   
ပညာတော်သင်ဗီဇာလျှောက်ထားရန်လိုအပ်သောအရည်အချင်းများရှိမရှိစစ်ဆေးခြင်း၊
 
ကျောင်းလျှောက်ထားခြင်း၏ရည်ရွယ်ချက်၊အနာဂတ်တွင်တက်ရောက်လိုသောတက္ကသိုလ်၊ကောလိပ်နှင့်  ရည်ရွယ်ချက်၊ရည်မှန်းချက်များကိုမေးမြန်းခြင်း
ဗီဇာလျှောက်ထားမှု့ နှင့်ပတ်သက်၍ မေးမြန်းမှု့ များလည်းပြုလုပ်မည်ဖြစ်ပါ၍ လိုအပ်သောစာရွက်စာတမ်းများ ကိုပြင်ဆင်ထားပါရန
京都国際アカデミー  
ဗီဇာလျှောက်ထားရာတွင်လိုအပ်သောစာရွက်စာတမ်းများကိုပေးပို့ ပါရန်။ ဘောပင်ဖြင့်ဖြည့် စွက်၍စာတိုက်မှ ပေးပို့ ရန်
<PDF>
<Excel>
京都国際アカデミー
ကျောင်းမှစစ်ဆေးမှု့ များပြုလုပ်ပြီးပါကလူဝင်မှု့ ကြီးကြပ်ရေးသို့ ဗီဇာလျှောက်ပေးပါမည်။
京都国際アカデミー  
Kyoto International Academy မှလျှောက်ထားသူသို့ လူဝင်မှု့ ကြီးကြပ်ရေးမှပေးပို့ လာသောအကြောင်းကြားလွှာကို အသိပေးပါမည်။ ဗီဇာရရှိပါက ကျောင်းလခပေးသွင်းပါရန်။
京都国際アカデミー  
မြန်မာနိုင်ငံရှိ ဂျပန်သံရုံးသို့ သွားရောက်၍ သံအရာရှိထံတွင်လျှောက်လွှာတင်ရန်။
京都国際アカデミー  
ကျောင်းဖွင့်ချိန်မတိုင်မီ ဂျပန်နိုင်ငံသို့ လာရောက်ရန်လိုအပ်ပါသည်။ လေဆိပ်တွင်လာကြိုရန်နှင့် အဆောင်ကိစ္စများအတွက် မလာမှီကြိုတင်၍ဆွေးနွေးတိုင် ပင်ပါရန်။
 
 
 
 京都国际日本语学校
HOME 学校概要 保密规定 提问或联系我们 索取申请表格资料 网站地图 info@kia-ac.jp http://www.kia-ac.jp 京都国际学院日本语学校 Kyoto International Academy of Japanese Language 京都国际学院日本语学校 Kyoto International Academy of Japanese Language